မိုးညှင်းမြို့နယ် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။