မြစ်ကြီးနား ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်နယ်အတွင်းရှိ လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ စာပေ၏အကျိုး ကျေးဇူးများ ပိုမိုသိရှိနားလည်လာစေရန်နှင့် မူးယစ်ကင်းစင်းသည့် လူတော်လူကောင်းများ ဖြစ်ပေါ် လာစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပလန(၁)၊ ခေတ်မီစံပြကျေးရွာ ရွှေပိတောက်ခန်းမ၌ အသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာမြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမှတ် (၂) မူးယစ်ရဲတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့စုမှူးဒုရဲမှူးဇော်မျိုးနိုင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ သိသင့် သိထိုက်သည်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ထက်က စာဖတ်ခြင်းဖြင့်ရရှိလာနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဝိုင်းမော်မြို့ နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က လူတော်လူကောင်းဖြစ်အောင်နေထိုင်ခြင်း နည်းလမ်းများ ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာဟောပြောပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၇၈)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိ ရသည်။
ခရိုင်(ပြန်/ဆက်)