ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သထုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်များခင်းကျင်းပြသ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထု‌နေ့အထိမ်းအမှတ်အဖြစ် စာပေအသိပညာများတိုးပွားစေရန်၊ ဗဟုသုတတိုးပွားပြီး စာကြည်တိုက်သို့လာရောက်ပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်လျက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  အမှတ်(၅)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံ ကျောင်း(ခွဲ)၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နိုင်စေရန်  ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာ‌ဟော‌ပြောပွဲ ပြုလုပ်ခဲ့သည်။

ကေ့ာကရိတ်မြို့၌စာဖတ်ရှိန်မြှင်တင် ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ကေ့ာကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယနေ့ နံနက် ၁၁ နာရီက  စာ​​ရေးဆရာ မြတ်ဌေး(ပေါက်လေ) ရေးသားပြုစုသည် "ပျိုးခင်းသစ် ကလေးကဗျာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။                                                

ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများ စာအုပ်စာစောင်များကို နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှုလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ် ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း  သိရသည်။

မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက အ.လ.က(ကျဒယ်) ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် (Community Centre) ခန်းမတွင် စာအုပ်နှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် စာအုပ်နှင့်နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့်အလေ့ အကျင့်ကောင်းများဖြစ်လာစေရန်နှင့်  စာအုပ်စာပေများကိုချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက်(Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ-ထ-က(ခွဲ-၂) ဘားအံ၊ ပြည်နယ် သစ်ထုတ်လုပ်ရေးနှင့်   ခရိုင်ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာနသို့  စာအုပ်စာစောင်များ အခမဲ့သွားရောက် ငှားရမ်းပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်၊စာစောင်များ လှည့်လည်ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ