ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ပေါက်တော စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယနေ့ နံနက် ၁၁ နာရီက  စာ​​ရေးဆရာ မြတ်ဌေး(ပေါက်လေ) ရေးသားပြုစုသည် "ပျိုးခင်းသစ် ကလေးကဗျာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။                                                

အဆိုပါ စာဖတ်ဝိုင်းတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး Book Club အဖွဲ့ဝင် မောင်​​​အောင်ကိုဆန်းက 'ကောင်းမှုလုပ်ပါ' ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)