ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးခြင်းများဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကို ဦးဆောင်ဆောင်၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး Mask Campaign နှင့် ကိုဗစ်- ၁၉ ရောဂါ အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းများဆောင်ရွက်

ချင်းပြည်နယ် တွန်းဇံမြို့ ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဈေးတန်းတို့၌ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုင်းလပ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရုံး စာကြည့်တိုက်နှင့် ဝေးကွာနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတိုးပွားရရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာအုပ်/စာစောင် ငှားရမ်းပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ယနေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၉)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်များဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့က မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

ဘားအံမြို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူဖတ်ရှုနိုင်စေရန်အတွက် ယမန်နေ့နံနက်(၉)နာရီခန့်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ