ကေ့ာကရိတ် စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ကေ့ာကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဦးမင်းလွင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် လူငယ်နှင့် အကျင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်ကျောင်းသူကျောင်းသားများကို အထွေထွေဗဟုသုတ ဥာဏ်စမ်းမေးမြန်းဖြေဆိုခြင်းနှင့် မူလတန်းကလေးများကို ဒုတိယဦးစီးမှူးဒေါ်သင်းမြတ်သော်က တအော်စာပေ ယဥ်ကျေးမှု ကော်မတီကထုတ်ဝေသည့် ကျေးညီနောင်ပုံပြင် ပြောပြခြင်းအစီစဥ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ လူကုန်းကူးမှုဆိုင်ရာ၊ ကလေးသူငယ်အခွင့်အရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာနံရံကပ်စာစောင်များဓာတ်ပုံများ၊ စာအုပ်စာစောင်များကိုပြသထားရာ ကျောင်းသားကျောင်းသူများမှ စိတ်ဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)