ရခိုင်ပြည်နယ်

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library နစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြခန်းများပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြခန်းများပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ရှင်းလင်းတင်ပြခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉) ၊ အမှတ် (၂၄) တွင် စာရေးဆရာ မောင်နှင်းဆီ ရေးသားထားသော “စကားခွန်အား” ဆောင်းပါးခေါင်းစဉ်ပါ အကြောင်းအရာများနှင့် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရသေ့တောင်မြို့နယ် မီးသတ်စခန်းတွင် EXERA လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းများအား  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ဆီမီးလောင်မှုကို မီးသတ်ဆေးဗူးဖြင့်လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် ပိုက်လိပ်ပိုက်ခေါင်း ကိုင်တွယ်အသုံးပြုမီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ် တပ်ဖွဲ့ဝင်များက  ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးပွဲ (TalkShow)ကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြေပုံမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများသို့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည်(၁၂)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောမှုများဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၄၈)မူးယစ်တပ်ဖွဲ့စုနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အထက(ခွဲ)အလက(၂)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အသိ ပညာပေး ဟောပြောမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မအိမြို့တွင် ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များ  ယခင်နှစ်များထက် ဈေးကောင်းရရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်ဒေသထွက် တောတွင်းသစ်ခွမျိုးစိပ်များမှာ ယခင်နှစ်များထက်ဈေးကောင်းရရှိသဖြင့် ရှာဖွေရောင်းချသူများနှင့် ဝယ်ယူသူများအကြား အဆင်ပြေအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်