စစ်တွေမြို့နယ်အတွင်းရှိ အသက်(၆၀)နှင့်အထက် အဘိုး၊ အဘွားများအား သွားနှင့်ခံတွင်းရောဂါ အခမဲ့ကြည့်ရှု စစ်ဆေးပေးမည်

စစ်တွေ ဒီဇင်ဘာ ၁၆

စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီးမှ သွားအထူးကုဆရာဝန်ကြီးများက စစ်တွေမြို့နယ်အတွင်းရှိ အသက် (၆၀) နှင့် အထက် အဘိုး၊ အဘွားများအား ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ (စနေနေ့နှင့် တနင်္ဂနွေများ) တွင် သွားနှင့်ခံတွင်းရောဂါ အခမဲ့ကြည့်ရှုစစ်ဆေးပေး မည်ဖြစ်ကြောင်း သိရသည်။

သွားအထူးကုဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ (စနေနေ့) တွင် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ အသက် (၆၀) နှစ်နှင့်အထက် အဘိုး၊ အဘွားများကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သွားနှင့်ခံတွင်းရောဂါအခမဲ့ ကြည့်ရှုစစ်ဆေးကုသပေး သွားမည်ဖြစ်သည်။

အလားတူ သွားအထူးကုဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ (တနင်္ဂနွေ) နေ့တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၆၀) နှစ်နှင့် အထက်အဘိုး၊ အဘွားများကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကြည့်ရှုစစ်ဆေးကုသပေး သွားမည်ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)