စစ်တွေ ဒီဇင်ဘာ ၁၇
ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ရေးဦးဌာနမှ စစ်တွေမြို့နယ်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စစ်တွေကမ်းခြေပတ်လမ်း ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ် တာဝန်ခံဦးဝင်းမြင့်ဟန်၊ ခရိုင်၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြသည်။
ကွင်းဆင်းစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးက ကျောက်စီမြေထိန်းနံရံအား ဒီဇိုင်းအတိုင်းသတ်မှတ်အတိုင်းအတာ စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီစေရေး၊ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေ ၂၄၄ ဒသမ ၈၅၈ ကျပ်သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တင်ထွန်း(ပြန်/ဆက်)