ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွဲစဉ်တလျှောက် တာဝန်ယူဆောင်ရွက်ကြမည့် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။