အမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

အမ်း ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ် စာတိုက်လုပ်ငန်းသို့ သွားရောက်၍ ယနေ့နေ့လယ် ၁၂ နာရီက ဆောင်ရွက်ခဲ့သည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များကို စာအုပ်စာပေအ လွယ်တကူဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များ စာအုပ်၊ စာစောင်များကို စာစာဖတ်ပရိတ်သတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့သည်။

စိုးမင်းထွန်း