ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

စစ်တွေ  ဒီဇင်ဘာ ၂၁

လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအတွက် Power Pointဖြင့် ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ အောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

အခမ်းနားတွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မိဘပြည်သူများ ကိုင်ဆောင်အသုံးပြုလျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) များကို အဆင့်မြင့် နည်းပညာဖြင့် e – ID Software အတွင်းသို့ ဖြည့်သွင်းထားရှိပြီးဖြစ်ကြောင်း၊ ဖြည့်သွင်းပြီး အိမ်ထောင်စုများကို Software မှ Print ထုတ်ယူကာ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ပြီးလကုန်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်း မှန်ကန်စေရေး၊ အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သိရှိစေရန်အတွက်တွဲဘက်အတွင်းရေးမှူးက လုပ်ငန်းစဉ်အဆင့်ဆင်အား ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများအနေဖြင့် မြေပြင်ကွင်းဆင်းကောက်ယူးရေး လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက လုပ်ငန်းအချက်အလက်များအား power point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက အသီးသီးအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)