ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မောင်တော  ဖေဖော်ဝါရီ  ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာ၌ ဇန်နဝါရီ ၃၀ ရက်နေ့က နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီအချိန် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ  ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

ထို့သို့ထောက်ပံ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ မောင်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၃၀ ရက်နေ့က မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာ၌ လျှပ်စစ်ဝါယာကြိုးအဟောင်းမှ တဆင့်အပူလွန်ကဲ၍ မီးကူးစက်ကာ နေအိမ်(၂) လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်များဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၂) စု အား  Family Kit လူသုံးပစ္စည်း (၁၃)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)