ပေါက်တောမြို့ရှိ ဓညဝတီတောရဓမ္မရပ်သာကျောင်း အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ

ပေါက်တော ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ ဓညဝတီတောရဓမ္မရပ်သာကျောင်း အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရန်ကုန်မြို့၊ ဓညဝတီကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် ကမ္မဝါစာရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မင်္ဂလာချိန်တွင် အုတ်မြစ်ချကြ၍ မင်္ဂလာတိုင်ထူထောင်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြသည်။

အဆိုပါကျောင်းသည် အလျား (၇၀)ဝရံတာ ၁၅ ပေ၊ အနံ(၄၇) ဝရံတာ ၇ ပေ ရှိကြောင်း၊ ဓမ္မရိပ်သာကျောင်းဆောင်သစ် လျင်မြန်စွာပြီးစီးနိုင်ရန် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်လျက်ရှိကြသည်။

ဝင်းမင်းစိုး