ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်၌ ဆောင်းနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၊ ပခွက်ဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ၌ တောင်သူ ဦးဘသိန်း၏ ဆောင်းနေကြာစိုက်ခင်း (၁၀.၀၀)ဧကတွင် ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန် ကြိုးကြာကွင်းကျေးရွာအုပ်စု ၊ မှန်နီကျေးရွာရှိ သုခိတာရာမကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

မာန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကျောင်းသား/သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက်​တပ်မတော်နေ့ အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဂွမြို့တွင် နွေရာသီ အင်္ဂလိပ်စာ Grammar အခြေခံ (အခမဲ့) သင်တန်းဖွင့်လှစ်၊ အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ် ၁၁ နာရီက အင်္ဂလိပ်စာ Grammar အခြေခံ (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ သည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံ ပန်းချီသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကို အလဟသမကုန်ဆုံးစေဘဲ အကျိုးရှိစွာ အသုံးချတတ်စေရန်  ပန်းချီသင်တန်းကို  ယနေ့ နေ့လယ် ၁၂နာရီ အချိန်မှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ပြသသည်။

ပေါက်တောမြို့နယ် ပြင်ကြီးကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြင်ကြီးကျေးရွာ၌ ရေဖူလုံစွာရရှိရန် ရည်ရွယ်၍ မြေသားရေကန် တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်း၊ တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးကြသည်။

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွ ာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်