ဂွ မတ် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ် ၁၁ နာရီက အင်္ဂလိပ်စာ Grammar အခြေခံ (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက နွေရာသီကျောင်း ပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ Grammar အခြေခံအား တတ်ကျွမ်းစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ Grammar အခြေခံ(အခမဲ့) သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာမှ မြို့နယ်တာဝန်ခံဒေါ်မာမာလေးက လူငယ်နှင့်အစားအသောက်ရေးရာ အကြောင်း အသိပညာပေးအား ဟောပြောခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အင်္ဂလိပ်စာ Grammar အခြေခံသင်တန်းကို ဆက်လက်သင်ကြားပေးခဲ့ကြသည်။ အဆိုပါ အင်္ဂလိပ်စာ Grammar အခြေခံ (အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မတ်လ ၂၀ ရက်မှ ၂၆ ရက်နေ့ထိ နေ့လယ် (၁၁)နာရီမှ (၁၃)နာရီအထိ (၇) ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၂၀)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်