မာန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မာန်အောင် မတ် ၂၁

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကျောင်းသား/သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၂ရက်နေ့ (၇၇) နှစ် မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၇ ခုနှစ်ဇူလိုင်လ၁၃ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်နှင့် ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ကာတွန်းစသည့် အချက်များ ပါဝင်သော  သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူများနှင့် ပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးအတွက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 သိန်းဖေ(ပြန်/ဆက်)