သံတွဲမြို့၌ မော်တော်ယာဉ်များ ဖေါင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း ဆောင်ရွက်
သံတွဲမြို့ အမှတ်(၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဉာဏ်မင်းကိုကို ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များ ဖေါင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက သံတွဲမြို့အတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။