ရခိုင်ပြည်နယ်

မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာရှိ ယာယီခိုလှုံရာစခန်းအား သောက်သုံးရေလှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာရှိ ယာယီခိုလှုံရာစခန်းနေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး  မောက်ဦးမြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များမှ ယနေ့နံနက် ၁၀ နာရီကအချိန်က သွားရောက်ကာသောက်သုံးရေများကို ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာ‌ဈေးကြီးနှင့် လူစည်ကားရာ မီးပွိုင့်လမ်းဆုံ နေရာများသို့ သွားရောက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ ပြည်တွင်း၊ပြည်ပ ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် အတွက်မြောက်ဦးဟိုတယ်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ ပြည်တွင်း၊ပြည်ပ ဘုရား ဖူးဧည့်သည်များ အဆင်ပြေစေရန်အတွက် မြောက်ဦးဟိုတယ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင်(၅၂၀၀/)ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီစဥ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့မှ စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စားသုံးရေးရာဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ယမန်နေ့ညနေ (၄)နာရီအချိန်တွင် ရသေ့တောင်မြို့၊‌ ချောင်းဝရပ်ကွက်၊ ဦးဥတ္တလမ်းတွင် စားသုံးဆီများကို စျေးနှန်းချိုသာစွာဖြင့် စနစ်တကျရောင်းချပေးခဲ့ကြသည်။

တောင်ကုတ်မြို့နယ်တွင်ကိုဗစ်-၁၉  ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ တောင်ကုတ်မြို့ နယ်ခန်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

မြောက်ဦးမြို့၌ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊  ပုထိုးစေတီများတွင် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့်စစ်တွေမြို့စသော အနယ်နယ်အရပ်ရပ်မှပြည်တွင်း ဘုရားဖူးလာရောက်ကြသူများ ယမန်နေ့ နံနက်ပိုင်းမှစ၍ စည်ကားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်နှင့် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။

ဂွမြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ရှိ ယဉ်ကျေးလိမ္မာ  သင်တန်းသို့  ပြည်သူ့နီတိ စာအုပ်များလှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ ယဉ်ကျေးလိမ္မာသင်တန်းရှိ ကျောင်းသား၊ကျောင်းသူများကို ဗိုလ်မှူးကြီးမင်းသန်း (ဥက္ကဋ္ဌ) ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) ရခိုင်ပြည်နယ်က ပြည်သူ့နီတိ စာအုပ်(၃၀)အား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ လှူဒါန်းခဲ့သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်နှင့်ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၈)၊ လျှပ်စစ်နှင့်ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၇)စသည့်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်