ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ   ဧပြီ   ၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန်ပြည်နယ်လုံးချမ်းသာ ဘုရားကြီး၌ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဘုရားကြီးရင်ပြင်နှင့်အနီးပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး တွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်္ကပါကွင်းဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အတုလမာရဇိန်ဘုရားကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ဘုရားကြီးရင်ပြင်၊ ဘုရားကြီးပုရဝုဏ်အတွင်းနှင့် ဝင်္ကပါကွင်းတို့တွင် စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊  ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။

ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများက ဘုရားကြီးရင်ပြင်တော်ရှိ ဗုဒ္ဓဆင်းထုတော်များအား ရောင်တော်ဖွင့်ခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်း ခြင်းများ၊ ဘုရားကြီးရင်ပြင်နှင့် ဘုရားကြီးအနီးပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာ ရေးအဖွဲ့ကလည်း စွန့်ပစ်အမှိုက် များကို သိမ်းဆည်း ပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ် နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ ကြောင်းသိရသည်။ 

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)