တောင်ကုတ် ဧပြီ ၉
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ တောင်ကုတ်မြို့ နယ်ခန်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးလျက်ရှိရာယနေ့တွင် စုစုပေါင်း (၃၂၅) ဦးသို့ ထိုးနှံပေးနိုင်ခဲ့ပြီး ဧပြီ(၉)ရက်နေ့တွင် ပညာရေးဝန် ထမ်းများသို့ဆက် လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster)ထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)