ရခိုင်ပြည်နယ်

တောင်ကုတ်မြို့၌ ဆဌမအကြိမ်မြောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ဆဌမအကြိမ်မြောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရင်ပြင်၌ ယနေ့ညနေ(၅)နာရီအချိန်က ကျင်းပခဲ့ ‌ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် သံလွင်ချောင်းဖြတ် “မေတ္တာပေါင်းကူး” တံတားဖွင့်လှစ်

၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ နတ်ကျောက်ဘေး သံလွင်ချောင်းပေါ်ရှိ မေတ္တာပေါင်းကူး(Valentine Bridge) တံတားကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ရာတွင် ပြည်တော်စည်ကုမ္ပဏီမှ တာဝန်ရှိသူများက တံတား အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွေးနံ့သာရေများဖြင့် ပက်ဖြန်းခဲ့ကြသည်။  

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာနံ့သာသွေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများကြီးမှူး၍ရခိုင်ရိုးရာ နံ့သာသွေးပွဲတော်ကို ယနေ့နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီးသိမ်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို  ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ   ဗဟိုလ်မဏ္ဍပ်၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ် များနှင့် ဒေသခံပြည်သူများ၏ မဏ္ဍပ်ငယ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ မဟာဝိသုဒ္ဒါရုံ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇာဂရအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာမဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ  ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံက် ၈ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ရေရရှိရေးအတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရေရရှိရေးအတွက် မြေအောက်ရေတူးဖော်ရေးအဖွဲ့များမှ ရေတူးဖော်ရရှိနေမှု၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနေမှု၊ ရေစုကန်များတည်ဆောက်နေမှုနှင့် ရေဆက်လက်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့ပေါ်လူငယ်များစုပေါင်း၍ မြို့မဗဟိုမဏ္ဍပ်တည်ဆောက်

မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့မဗဟိုမဏ္ဍပ်တည်ဆောက်နေခြင်းကို မအီမြို့ပေါ်လူငယ်များစုပေါင်း၍ တည်ဆောက်လျက်ရှိကြောင်းသိရသည်။

သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ငပလီမြို့ အောင်ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေဒကအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက် အောင်ဓမ္မရိပ်သာကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝေဒကအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံက် ၈ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကျင်းပ

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်