ဘူးသီးတောင် မေ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ကျောင်း ဖွင့်လှစ်ချိန်အမီကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများကို အရှိန် အဟုန် တိုးမြှင့်လုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက အ.ထ.က လက်ဝဲဒက်ပုဇွန်ချောင်း ကျောင်း၊ ဂန္ဓမာကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်း အဖွဲ့ (WDAB၊ ရွှေဘူးသီး)အသင်းအဖွဲ့များ အင်အား (၂၀၀)ဦး ပူးပေါင်းအဖွဲ့သည် အ.ထ.က လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၊ ဂန္ဓမာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ မိုခါမုန်တိုင်းကြောင်းလဲကျနေသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်အမှိုက်များကိုခုတ်ထွင် ရှင်းလင်းခြင်းများဆောင်ရွက်ပြီး အမှိုက်သိမ်းကားများဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုး အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုကာ တာဝန်ခံကျောင်းအုပ် ဆရာ/ဆရာမကြီးများအား ကျောင်းပျက်စီးဆုံးရှုံးမှုများအား အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ဆောင်ရွက်နေမှုများကို လှည့်လှည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီးလို အပ်သည်များ ကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)