မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနေမှုအား ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက စစ်ဆေးကြည့်ရှု
ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေများကို အရှေ့မြောက်ရပ်ကွက် ဒေသခံ ပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှုခဲ့ကြသည်။