ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ပျက်စီး/ဆုံးရှုံးစာရင်းများနှင့် လေဘေးသင့်ပြည်သူများအားဖြန့်ဝေမည့် ထောက်ပံ့ပစ္စည်းများစစ်ဆေးကြည့်ရှု

ဘူးသီးတောင် မေ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရပ်ကွက်/ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်မှဘူးသီးတောင်ဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးကြပ်နိုင်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ယနေ့မွန်းလွဲ (၂)နာရီအချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပျက်စီး/ဆုံးရှုံးစာရင်းများလေဘေးသင့်ပြည်သူများအတွက် ဖြန့်ဝေပေးရန်ရောက်ရှိနေသောကယ်ဆယ်ရေးပစ္စည်းများအားဖြန့်ဝေစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက မိုခါမုန်တိုင်းကြောင့် ဌာနဆိုင်ရာရုံးများအလိုက် ပျက်စီး၊ ဆုံးရှုံးမှု မှန်ကန်မှုရှိ/မရှိ၊ ရပ်ကွက်၊ကျေးရွာများမှ အမှန်တကယ် ပျက်စီး၊ ဆုံးရှုံးမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးဘူးသီးတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်သက်ဆိုင်ရာကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်ကြရန်၊ဌာနဆိုင်ရာရုံးများ မိမိဌာနအလိုက် ပုံမှန်လုပ်ငန်းများစတင်ဆောင်ရွက်ကြရန်နှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ အမြန် ဆုံးဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)