ရသေ့တောင် မေ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော အလွန်ပြင်းအားကြီးသော (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့၌ ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရပြီး အပျက်အစီးအမှိုက် သရိုက်များ အားနေ့စဥ်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာယနေ့ နံနက်ပိုင်းက ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းနှင့် ဘုရားကြီးလမ်းများမှ အမှိုက်သရိုက်များကို မြို့ပေါ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးအမှိုက်ကောက်ခြင်း၊ လိုက်လံသိမ်းဆည်းခြင်း၊ မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြသည်။
စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကမော်တော်ယာဉ်များဖြင့် သတ်မှတ်နေရာသို့ စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)