ရသေ့တောင် မေ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီး သန္ဓေမီးသတ်တပ်ဖွဲ့ ရှာဖွယ်ကယ်ဆယ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ဦးဆောင်သော (၁၁၆)ဦးပါဝင်သော အဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းသော အဖွဲ့များသည် အဖွဲ့များခွဲ၍ ရသေ့တောင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ရမည့် နေရာများဖြစ်သော လမ်းများရုံးဌာနများ၊ သာသနိကအဆောက်အအုံများအား ဦးစားပေးအဆင့်များသတ်မှတ်ပြီး ၁၈.၅.၂၃ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ကြသည်။
ယနေ့မှာလည်း အိုးအိမ်အဆောက် အဦးဝင်းအတွင်း ရှင်းလင်းဆောင်ရွက်ခြင်း၊ တောင်ရင်းတန်း ရပ်ကွက်လမ်းများအား ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
နောက်နေ့များတွင်လည်း ကျန်ရှိနေသည့် နေရာများအားဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်းသိရသည်။
ရသေ့တောင် (ပြန်/ဆက်)