ရမ်းဗြဲ မေ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း မဟာပညာကျော်ခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
ရှေ့ဦးစွာ အခမ်းအနားကို အခြေခံပညာအထက (၁) ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းအပ်နှံရန် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားပြီး မြို့နယ်ပညာရေးမူးဦးလှမြင့်က ကျောင်းအပ်နှံရေးနေ့ ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗိုလ်မူးချုပ်ဇော်မင်းအေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဗိုလ်မူးအောင်နိုင်ဦး၊ မြို့နယ်ပညာရေးမှုးတို့က ဆင်းရဲနွမ်းပါးသည့် ကျောင်းသား/သူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ ဗိုလ်မူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်