ကျောက်တော်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး) လျှပ်စစ်မှ ရှင်းလင်း

ကျောက်တော် မေ ၂၉

ရခိုင်ပြည်နယ်၊‌‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင် (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး) လျှပ်စစ်မှ ဝန်ထမ်း (၅၀) ဦးဖြင့် လမ်းများအလိုက် ရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင် ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိ‌သည်။

အဆိုပါ ကျောက်တော်မြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရာ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်း၊ ထရန်စဖော် မာများ ပြိုပျက်ခြင်း၊ ဓာတ်ကြိုးလိုင်းများ ပြုတ်ကျခြင်း၊ သစ်ပင်များ ကျိုးကျ၍ လမ်းများ ပိတ်ခြင်းများ ဖြစ်ခဲ့ရာ မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားများ အချိန်မှီ ပြန်လည်ရရှိနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ရှမ်းပြည်‌မြောက်ပိုင်း (လားရှိုး) လျှပ်စစ်မှ ရှင်းလင်းခြင်း လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း