ရခိုင်ပြည်နယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တောင်ကုတ်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက တောင်ကုတ်ခရိုင် အဘေကျေးရွာရှိ THANTWE MARINE PRODUCT CO.LTD မှ ဆောင်ရွက်လျက်ရှိသည့် ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြို့တွင်းတယ်လီဖုန်း ကွန်ကရစ်တိုင်များ စိုက်ထူဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြောက်ဦးမြို့နယ် အတွင်း မြို့တွင်းတယ်လီဖုန်း ကွန်ကရစ်တိုင်များ စိုက်ထူဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခြေပြု၍ ဒေသခံပြည်သူ များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ရသေ့တောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ တပ်မတော်အရာရှိကြီး ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက ရသေ့တောင်မြို့ ဓါတ်အားခွဲရုံသို့သွားရောက်၍ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရသေ့တောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ တပ်မတော်အရာရှိကြီး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် ၁၄.၅.၂၀၂၃ ရက်နေ့က ပြတ်တောက်သွားခဲ့သည့် ရသေ့တောင်မြို့လျှပ်စစ်မီး ဖြန့်ဝေရေးလုပ်ငန်းများကို ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ ပြန်လည်စတင်ဖြန့်ဖြူးပေးမည်ဖြစ်ရာ ရသေ့တောင်ဓာတ်အားခွဲရုံ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေမှတစ်ဆင့် မြို့တွင်းထရမ်စဖော်မာ(၁၄)လုံးနှင့်အခြား ပုဂ္ဂလိကပိုင် ထရမ်စဖော်မာများသို့ လျှပ်စစ်မီးပို့လွှတ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သော ပေါင်းစပ်ညှိနှိုင်း မှုများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ကညင်ချောင်းစီးပွားရေးဇုန်ရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရန်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက်ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ကညင်ချောင်းစီးပွားရေးဇုန်ရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရန် ဆောင်ရွက်နေမှုများအား ဇူလိုင်လ ၅ ရက်နေ့ နေ့လည် ၂ နာရီအချိန် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေတက္ကသိုလ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက် ကြည့်ရှုစစ်ဆေး၊ အလှူငွေပေးအပ်ပွဲနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၅) ရက်နေ့က စစ်တွေတက္ကသိုလ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင်၊ စာသင်ခန်း၊ ကျောင်းသားအိပ်ဆောင်များ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို   ယမန်နေ့နံနက် (၁၁) နာရီ အချိန်က မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ ကျောင်းထိုင်ဆရာတော်များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၈နာရီက သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာသို့ သွားရောက်ပြီး သာယာကုန်းဓမ္မဒူတကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောဝိတအားဖူးမြော်ပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ဓမ္မိကာရုံပရဟိတ ဘုန်းတော်ကြီး ကျောင်းတိုက်မှ ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင် စားသောက်မှုအခြေအနေအား ကြည့်ရှုအားပေးသည်။
Subscribe to ရခိုင်ပြည်နယ်