ရခိုင်ပြည်နယ်

မအီမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများကမအီမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရသည့် ဟင်းသီးဟင်းရွက်များကို အလွယ်တကူ ခူးဆွတ်စားသုံးနိုင်ရေးနှင့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်မျိုးစေ့များကို ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး ဆေးကုသရန်လာရောက်ကြသည့် ပြည်သူများအားအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက်ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက အထူးကုဆရာဝန်များက သာသနာ့ဗိမာန်တော်ကြီးတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီးဆေးကုသရန် လာရောက်ကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင် ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အ-ထ-က(ပေါက်တော)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများ ကျင်းပ

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပေါက်တောမြို့ရှိ အ-ထ-က(ပေါက်တော)၌ ကျောင်းသား၊ကျောင်းသူများ  စာစီစာကုံး၊ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းနှင့် ဆရာဆရာမများက လိုက်လံ ကြည့်ရှုအားပေးကြသည်။

ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်တောင်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် မျိုးစပါးပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် လေဘေးသင့်တောင်သူများအား မျိုးစပါးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သံတွဲမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ သံတွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး၊ မိုးစပါး လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ(ရေတပ်)၌ အသက်(၅)နှစ်အထက်၊ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ နေမှုနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း များပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းနှင့်တာဝန်ရှိသူများသည်
Subscribe to ရခိုင်ပြည်နယ်