ရခိုင်ပြည်နယ်

ကျောက်တော်မြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများကို ကထိကဆေးပညာဌာန၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ အထူးကုသမားတော်ကြီး ဒေါက်တာအောင်သွင် ဦးဆောင်သည့် အထူးကုသမားတော်ကြီးများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးရွှေမင်းသမီး မွေးမြူရေးခြံရှိ နို့စားနွား၊ ဥစားကြက်နှင့် ဆိတ်များမွေးမြူထားရှိမှုကို ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန် တွင်

ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကဗျာပြိုင်ပွဲ ဆောင်းပါးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့၌(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ရမ်းဗြဲမြို့အထက(၁)၌ ကျောင်းသား ကျောင်သူများ စာစီစာကုံးပြိုင်ပွဲ ကဗျာပြိုင်ပွဲ ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဦးနှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် အခြေခံအင်္ဂလိပ်စာ ပညာဒါနသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ- ထ- က(ခွဲ)တွင် ကျောင်းသား/ကျောင်းသူများ၏ ပညာရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ ပညာဒါနသင်တန်းကို ဇူလိုင်လ(၄)ရက် ညနေ(၄)နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့နယ်များမှ မိုခါမုန်တိုင်းဘေးသင့် တောင်သူများအား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ မိုခါမုန်တိုင်းဘေးသင့် တောင်သူများအား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

နယ်စပ်ဒေသအမျိုးသမီးငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးလူငယ်စကားဝိုင်းကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၄) သင်တန်းအစည်းဝေး ခန်းမ၌ ဇူလိုင် ၆ ရက် မွန်းလွှဲ ၁ နာရီက လူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

မင်းပြားမြို့ရှိ  ဌာနဆိုင်ရာများကအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၄)ကို  ယမန် နေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများက MSME လုပ်ငန်းဖြစ်သော မိရိုးဖလာလုပ်ငန်းမှ ခေတ်မီတိုးတက်သောစီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲထုတ်လုပ်နေသည့် 7-Top ငါးမုန့်လုပ်ငန်းအား လေ့လာအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ အဆိုပါကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကိုအခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး MSME လုပ်ငန်းဖြစ်သော မိရိုးဖလာလုပ်ငန်းမှ ခေတ်မီတိုးတက်သော စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲထုတ်လုပ်နေသည့် 7-Top ငါးမုန့်လုပ်ငန်းအား လေ့လာအားပေးခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော တပ်မတော်အရာရှိကြီး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ တာ၀န်ရှိသူများနှင့် အတူ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော တပ်မတော်အရာရှိကြီးဗိုလ်ချုပ် အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌဦးနိုင်လင်းထက်သည် တာ၀န်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အရှေ့မြောက်ဓမ္မာရုံကြီးတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆေးအဖွဲ့မှ ဆရာဝန်များက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ် ကူညီဆောင်ရွက်ပေးခဲ့ကာ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား တာဝန်ရှိသူများက အားပေးစကားပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တောင်ကုတ်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက တောင်ကုတ်ခရိုင် အဘေကျေးရွာရှိ THANTWE MARINE PRODUCT CO.LTD မှ ဆောင်ရွက်လျက်ရှိသည့် ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်