မြောက်ဦး ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြောက်ဦးမြို့နယ် အတွင်း မြို့တွင်းတယ်လီဖုန်း ကွန်ကရစ်တိုင်များ စိုက်ထူဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့သဖြင့် ကျိုးကျပြိုလဲခဲ့သော မြို့တွင်းတယ်လီဖုန်း ကွန်ကရစ်တိုင်များ အသစ်လဲလှယ်နေမှုကို ကြည့်ရှုခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေကြသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ယခုအခါ မြောက်ဦးမြို့နယ်အတွင်း ကျိုးကျပြိုလဲခဲ့သော မြို့တွင်းတယ်လီဖုန်း ကွန်ကရစ်တိုင်များ အားလုံးကို အသစ်လဲလှယ် စိုက်ထူပြီးဖြစ်ကြောင်းနှင့် Cable ကြိုးဆွဲခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ မြောက်ဦးမြို့တွင်း အော်တိုတယ်လီဖုန်း ကြိုးလိုင်းများ ကောင်းမွန်စွာ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)