ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေး

ပုဏ္ဏားကျွန်း ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခြေပြု၍ ဒေသခံပြည်သူ များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ကြရာတွင် တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ကလေးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ၊ ဆေးမှူးများနှင့် သူနာပြုတို့က ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွာဟောင်းရပ်ကွက်နှင့် အလယ်စုရပ်ကွက်တို့ရှိ ဒေသခံပြည်သူများကို ရာသီတုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် နာမကျန်းဖြစ်နေသည့် ရောဂါဝေဒနာခံစားနေရသူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)