ရခိုင်ပြည်နယ်

သံတွဲမြို့ အ-ထ-က(၂)၌ လူငယ်စကားဝိုင်းကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်“လူငယ်နှင့်နည်းပညာ” လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၉အုပ်စုမှ  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် အမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ တွင် ကူညီခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအားတွေ့ဆုံ၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌တွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်ကြသည်။

ကျောက်ဖြူမြို့နယ်၌ မိုးစပါး ထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်၊ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ် (၄၅၁) တွင် ယနေ့နံနက်ပိုင်းက မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ  ကွင်းဆင်းကြည့်ရှုအားပေးကြသည်။

မအီမြို့၌ သံဃာတော်(၇၆)ပါးတို့အား ဥပုသ်နေ့ အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်(၇၆)တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဝါခေါင်လပြည့်၊ ယနေ့ နံနက်အရုဏ်တက်ချိန်က မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်-မအီ လမ်းမ၊ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့ အ.ထ.က(၁)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အ.ထ.က(၁) ကျောင်းဆောင်၌ ပြုလုပ်ကျင်းပသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများ လက်ခံရရှိခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါသည့်အဖွဲ့သည် ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ပြင်ရှည်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ကျောက်တော်မြို့၌ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ၊မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)တွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး  အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်