ကျောက်ဖြူ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ် (၄၅၁) တွင် ယနေ့နံနက်ပိုင်းက မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ်(၄၅၁)တောင်သူတစ်ဦး၏ လယ်မြေတွင်ပြုလုပ်သည့် မိုးစပါးထွန်တုံးပိတ်ပွဲသို့ သို့သွားရောက်၍ ကြည့်ရှုရာ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးများက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး လျာထားဧကထက် ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေး၊ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူမြို့နယ်အနေဖြင့် ယခုနှစ် မိုးစပါးရာသီတွင် ရေကြီးရေလျှံမှုများမရှိခဲ့သဖြင့် မိုးစပါးများကို အောင်မြင်စွာ စိုက်ပျိုးလျက်ရှိကြောင်း ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြေလွတ်မကျန် မိုးစပါးများစိုက်ပျိုးစေရေး၊ ဧကလျာထားချက်ထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်စေရေးနှင့် အထွက်နှုန်းတိုးပြီး ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ဂရုပြုဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားကာ အောင်မြင်ဖြစ်ထွန်းနေသည့် စပါးခင်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)