ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ သြဂုတ်   ၃၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေကွင်းဆင်းရာတွင် ဌာနဆိုင်ရာများအနေဖြင့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပတ်သက်၍ လည်းကောင်း ကျေးရွာများနှင့် ဌာနဆိုင်ရာများ၏  ဆောင်ရွက်မည့်လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်နှင့် အတွင်းရေးမှူး ယာယီရဲမှူး ခင်မောင်ထွန်းတို့က မြို့ရွာလုံခြုံရေးပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်