ရသေ့တောင်မြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ အရှေ့မြောက်ရပ်ကွက်၌ မီးဘေးအန္တရာယ်မဖြစ်ပေါ် စေရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြော
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အရှေ့မြောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။