အမ်း အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စတုတ္ထနေ့အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်က အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ နေပြည်သူများသို့ စားသုံးဆီများရောင်း ချပေးခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ ပြည်သူများသို့ရောင်းချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အမ်းမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးဆီများအား စားသုံးဆီ တစ်ပိဿာ လျှင် ၄၉၀၀ ကျပ် နှုန်း ဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့်တစ်နေ့လျှင် စားသုံးဆီ ၅၅၀ ပိဿာ အားအမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာမှ အိမ်ထောင်စု ၅၅၀ စုအား ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စားသုံးဆီရောင်းချမှုအား အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အမှတ်(၃) ဈေးရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ အောက်ရွာကျေးရွာ၊ ဒိုင်ကြီးကျေးရွာနှင့် စျေးတောင်ရပ်ကွက်တို့တွင် စားသုံးဆီ ၂၇၅၀ ပိဿာအား ဆက်လက်ရောင်းချပေးမည်ဖြစ်ရာ အိမ်ထောင်စု ၂၇၅၀ စုအားစားသုံး ဆီများဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)