ငပလီ အောက်တိုဘာ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်ပြပွဲ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အ.မ.က(မူလွန်)ဇီးဖြူကုန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငပလီမြို့ရုံးမှ မြို့ဦးစီးမှူးဒေါ်မြင့်မြင့်အေးကကျောင်းသား လူငယ်များစာဖတ်သည့် အလေ့ထကောင်းရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ အ.မ.က(မူလွန်)ဇီးဖြူကုန်းကျောင်းမှ ဆရာဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငပလီ(ပြန်/ဆက်)