မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက(၃၈၀)အတွက် သွင်းအားစုပံ့ပိုးချေးငွေ ကျပ်သိန်း(၇၆၀)ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြေပုံ   အောက်တိုဘာ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါး စိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်သည့် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ဧက(၃၈၀)အတွက် သွင်းအားစု ပံ့ပိုးချေးငွေ ကျပ်သိန်း(၇၆၀)ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ် သမဝါယမရုံး ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခိုင်လင်းနိုင်က အဖွင့်လမ်းညွှန်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဦးဖုန်းမြတ်လင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သည့် သမဝါ ယမအသင်းသားများအား သွင်းအားစုပံ့ပိုးငွေ ထုတ်ပေး သည်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြော ကြားသည်။ ဆက်လက်၍ မြို့နယ်သမအသင်းစု အုပ်ချုပ်မှုဒါရိုက်တာဦးအောင်မြင့်က သုံးဦးဖလှယ် စာချုပ်ချုပ်ဆိုရ သည်နှင့်စပ်လျန်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ သွင်းအားစုအရောင်းကိုယ်စားလှယ်အား ဓာတ် မြေဇာ အိတ်(၇၆၀)အတွက် ချေးငွေသိန်း(၇၆၀)ကျပ်အား လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက ထွန်းသစ်စ(လယ်/ထွေ)သ/မအသင်းဥက္ကဌအား ဓာတ်မြေ ဇာများပေးအပ်ပြီး မြို့နယ်သ/မအသင်းစုအုပ်ချုပ်မှုဒါရိုင်တာမှ ရွှေဝါကျောက်တန်း(လယ်/ထွေ) သ/မအသင်းဥက္ကဌအား ဓာတ်မြေဇာများပေးအပ်ကာ အသင်းအတွင်းရေးမှူးဦးရွှေတင်မှ ကျေးဇူး တင်စကားပြောကြားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)