ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 05,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးစောင့်ကြည့်ခြင်းနှင့် ရက်ကွက် အတွင်း အပြင်ထွက် သွားလာသူများ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ(၅)နှစ်အောက် အရွယ်ကလေးငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးခြင်းကို ယနေ့၊ နံနက်(၁၀)နာရီ အချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၁)၊ အောင်မင်္ဂလာကျောင်းတိုက်၊ သာရေးနာရေးခန်းမ၌ တိုက်ကျွေးသည်။
Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိ ပထမနိမ္မိတ သပိတ် မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က အသက်(၁)နှစ်ခွဲ အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
Sep 05,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ် များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ကွီးလော်ဖလိုးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူစည်ကားသော လမ်းဆုံများ၊ ပျံကျစျေးများတွင် (mask) နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို ယနေ့နံနက်(၆)နာရီက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Sep 05,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work(CFW)စီမံကိန်းဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဒွန်းကျိုင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုသည်။
Sep 05,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယ အကြိမ်နှင့် စတုတ္ထအကြိမ် ( MCCT )ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အာရောဂျဒါနဆေးရုံ၌ ကျင်းပပြုလုပ်သည်။
Sep 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း စိစစ်ဖြည့်သွင်းမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။