Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖရူဆိုမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
Sep 08,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းဝေးပြုလုပ်
Sep 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမဆောင်တွင် ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းဝေး ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင် က ခန္တီးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ဖတ်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့၌ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 07,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဘာရေးနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လွယ်ဝိုင်းကျေးရွာ၊ ဝမ်လွဲ့ကျေးရွာတို့တွင် အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့ နန်းကစ်ကျေးရွာ၌ အိမ်မွေးတိရစ္ဆာန် အခြေခံမွေးမြူရေးသင်တန်းဖွင့်
Sep 07,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဖားဆောင်း မြို့နယ်ရုံးမှ အိမ်မွေးတိရစ္ဆာန် အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့က နန်းကစ်ကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
Sep 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀နာရီတွင် လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Sep 07,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် နိုင်ရေးအတွက် အသိပညာ ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မတူပီမြို့ ရှစ်လမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့မှ စတင်၍ နံနက်(၉)နာရီတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်
Sep 07,2020
မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
206
Page
207
Page
208
Page
209
Current page
210
Page
211
Page
212
Page
213
Page
214
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department