ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 04,2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်ကမ်းချက်နှင့်အညီ ဆောင်ရွက် မှု ရှိ/မရှိကို ယမန်နေ့နံနက် (၁၁) နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
Sep 04,2020
စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်နှင့် စည်းလုံးညီညွှတ်မှု ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ပြီး ချင်းရိုးရာဓလေ့များဖြစ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာအိမ်၊ တူရိယာ ပစ္စည်းများ အခြေခံ၍ ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများကို စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။
Sep 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အရှိန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများ Mask များတပ်ဆင်ခြင်း ရှိ/မရှိကို ယမန်နေ့နံနက်(၁၀)နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 04,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မဲဆန္ဒနယ်မြေ (၂) ခုတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြေညာချက်ပုံစံ (၁၀) ဖြင့် ကြေညာထား ကြောင်း သိရသည်။
Sep 04,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Sep 03,2020
ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ကြီးမှူး၍ ​​ကျေးရွာ မတည်ရန်ပုံ​ငွေ( VRFP)စီမံကိန်း​ကျေးရွာများသို့ စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးဆိုင်ရာ နည်းပညာ​ပေးသင်တန်းဖွင့်လှစ်ခြင်းကို ယ​နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 03,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ဗလမင်းထင် တိုးဂိတ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 03,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက် လူစည်ကားရာနေရာများ၊ စျေးရောင်း၊ စျေးဝယ် ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။