Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီမှ မော်တော်ယာဉ် ဂိတ်မှူးနှင့် ဂိတ်ပိုင်ရှင်များအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 08,2020
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် လိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ဟားခါးမြို့၊ အဝေးပြေး ကားဂိတ်တွင် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့ဝင် များက အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင် အသုံးပြုမှု ရှိ၊မရှိနှင့် သက်တမ်းလွန် စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Sep 08,2020
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ် များကို စနစ်တကျတပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ အစားအသောက် ပစ္စည်းအရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံ ဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန်များတွင် အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲအခမ်းကျင်းပ
Sep 08,2020
ချင်းပြည်နယ်၊တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအခမ်းအနားကို တွန်းဇံမြို့နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့(TTBA) အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များပြသ
Sep 08,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက် ၁၁ နာရီက စာဖတ်၊ စာငှားလာရောက်ကြသူများအား ပြသဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့လှ၌ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအားထောက်ပံ့ငွေများပေးအပ်
Sep 08,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မြို့လှမြို့ပေါ်ရပ်ကွက်များရှိ မသန်စွမ်းသူများအတွက် Covid-19 ကာလအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ရန်ပုံငွေမှ မသန် စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ယနေ့နံနက်ပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးဆီးကျေးရွာအုပ်စု၌ Door To Door စနစ်ဖြင့် မဲစာရင်းစိစစ်ရေးလုပ်ငန်းအဖွဲ့မှ တစ်အိမ်တက်ဆင်း မဲစာရင်းစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်
Sep 08,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်မှုရှိစေရေး တို့အတွက် Door To Door စနစ်ဖြင့် တစ်အိမ် တက်ဆင်းမဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တီးဆီးကျေးရွာ အုပ်စု၌ယမန်နေ့က မဲစာရင်းစိစစ်ရေးလုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ
Sep 08,2020
မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ မြို့အဝင်အထွက်ဂိတ်များတွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်
Sep 08,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား စားနပ်ရိက္ခာ(၃)လစာ အတွက် ဆန်အိတ်(၆၁ဝ) ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က (အထက-ပန်နန်းဒင်)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
204
Page
205
Page
206
Page
207
Current page
208
Page
209
Page
210
Page
211
Page
212
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department