ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 28,2020
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မပြုစေရေးကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းကို ယမန်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့နံနက်(၁၀)နာရီက တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
Sep 28,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း သဘာဝ ဘေးအန္တရယ်ကြောင့် ထိခိုက်သောအထိမ်ထောင်စုများကို ပြည်နယ်လူမှုရေးဝန်ကြီးက ယနေ့နံနက် (၉)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
Sep 28,2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တစ်ဖန်မြင့်တက်လျက်ရှိနေပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမှ မြို့နယ် ပူတာအို-ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ကျန်းမာ‌ရေး နှင့် မြို့လူအဝင်/အထွက် စစ်ဆေးဂိတ်ကို ယမန်နေ့နံနက် ၈ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 28,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွတ်ကျေးရွာအုပ်စု၊ ရှဒူဇွတ်ကျေးရွာတွင် စက်တင်ဘာ (၂၅) ရက်နေ့ နံနက် (၃) နာရီအချိန်ခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေများ မြင့်တက်လာခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားရာနေရာသို့ ကြက်ခြေနီအဖွဲ့မှ တစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
Sep 28,2020
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၄၁၀၄) စုအတွက် ကျပ်သိန်း (၂၈၂၀) ကျော်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မတူပီခရိုင်၊ မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ ကာလ ကျေးလက် နေ ပြည်သူများဝင်ငွေရရှိစေရန် Cash For Work စီမံကိန်း ရန်ပုံငွေ ကျပ်သန်း(၁၀၀) ဖြင့် ကျေးရွာ (၁၀)ရွာတွင် စီမံကိန်းလုပ်ငန်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန် လည်ကုစားသည့် အစီအစဉ် ကျေးရွာမတည်ရန်ပုံငွေ(Village Revolving Fund Project) (VRFP)စီမံကိန်းဖြင့် ကျေးရွာ(၇)ရွာတွင် ချေးငွေ ထုတ်ပေးမှု စီမံကိန်းကိုလည်းကောင်း၊ အကောင် အထည်ဖော်ဆောင်ရွက်ရာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
Sep 28,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများ ဖြစ်သည့် အိမ်ထောင်စု (၁၇၁၂) စုတို့အတွက် နိုင်ငံတော်မှ တတိယအကြိမ်မြောက်အနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီကို စက်တင်ဘာ (၂၆) ရက် နံနက်(၉)နာရီက အိမ်‌တိုင်ရာရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။