Skip to main content

လုပ်ငန်းရှင်များအနေဖြင့် FDA ၏ E-Submission Link သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပေးအကြောင်းကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

၁။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကိုဗစ်-၁၉ ကာကွယ် ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများနှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ဖြေလျှော့ဆောင်ရွက်မှုများကို ဆေးဝါးအတွက် အသိပေးကြေညာချက်များအား (၂၂-၇-၂၀၂၁) နေ့တွင်လည်းကောင်း၊ (၂၇-၇-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ (၁၃-၈-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ Molnupiravir Tablet ကို (၁၇-၁၂-၂၀၂၁) ရက်နေ့တွင်လည်းကောင်း စုစုပေါင်း (၄) ကြိမ်၊ ဆေးပစ္စည်း အတွက် အသိပေးကြေညာချက်များအား (၂၂-၇-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ (၁၇-၈-၂၀၂၁) ရက်နေ့တွင်လည်းကောင်း စုစုပေါင်း (၂) ကြိမ်နှင့် ကျန်းမာရေး အထောက်အကူပြု အစားအသောက်များ ဆရာဝန်ညွှန်ကြားချက် မလိုသော ဆေးဝါးများနှင့် ပတ်သက်၍ အသိပေးကြေညာချက်များအား (၂၇-၇-၂၀၂၁) ရက်နေ့တွင် (၁) ကြိမ် အများပြည်သူ သိရှိနိုင်ရန်အတွက် FDA ၏ Website (www.fda. gov.mm) နှင့် Food and Drug Administration Myanmar Facebook Page တို့တွင် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ E-Submission System ဆောင်ရွက်မှုကိစ္စနှင့်ပတ်သက်၍ Food IR ၏ Launch Date မှာ (၁-၂-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ Medical Device တွင် IR အတွက် Launch Date (၁-၂-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊ One Time အတွက် Launch Date မှာ(၁-၅-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊ Local Manufacture အတွက် Launch Date မှာ (၂၃-၁၁-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊ Local Product Registration အတွက် Launch Date မှာ (၂၃-၁၁-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊ Cosmetic အတွက် IR ၏ Notification Launch Date မှာ (၁-၄-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊ Local (Notification) ၏ Launch Date မှာ (၁-၇-၂၀၂၁) ရက်နေ့တွင်လည်းကောင်း၊ Local Manufactured Launch Date မှာ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် လည်းကောင်း၊ Drug System (DIAC, One Time) Launch Date မှာ (၈-၁၂-၂၀၂၁) ရက်နေ့တွင် လည်းကောင်း Launching ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ E-Submission ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ Trade Facilitation ဆိုင်ရာ ဆောင်ရွက်မှုအနေဖြင့် (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ E-Submission စနစ်များအား စတင်အကောင်အထည်ဖော်ပြီးဖြစ်ပါ၍ အဆိုပါ Launching လုပ်သည့်ကိစ္စရပ် များအား သိရှိနိုင်ပါရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် FDA ၏ E-Submission Link ဖြစ်သော http://esubmission.fda.gov.mm သို့ ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၄။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များအတိုင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ဆေးဝါးဌာနခွဲ - ၀၆၇-၄၀၃၀၇၃/၀၆၇-၄၀၃၀၉၁

ဆေးပစ္စည်း၊ အလှကုန်/

လူသုံးကုန်ဌာနခွဲ - ၀၆၇-၄၀၃၄၈၉

အစားအသောက်ဌာနခွဲ - ၀၆၇-၄၀၃၂၅ဝ

Fdanpt1@gmail.com