Jul 27, 2025
ရေကြီးခြင်းသည် ကမ္ဘာပေါ်တွင် နှစ်စဉ်လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အဆမတန်ကြီးထွားလာခဲ့သည်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းရေကြီးရေလျှံမှုများကြောင့် နှစ်စဉ်ပျက်စီးဆုံးရှုံးမှုများပြားလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် တစ်ခုတည်းမှာပင် တောင်အာရှဒေသတစ်ဝန်းပြင်းထန်သော ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၆၅၀၀ သေဆုံးခဲ့ပြီး စီးပွားရေးအရ ဒေါ်လာ ၁၀၅ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။