ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 30, 2025
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Dec 30, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ခုတင် (၅၀၀) အထူးကုဆေးရုံကြီး ရန်ကုန်မြို့သို့ သွားရောက်၍ အောင်မြင်စွာဆောင်ရွက်ခဲ့သည့် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းလူနာနှင့် အသည်းအလှူရှင် လေးဦးတို့ကို ကြည့်ရှုစစ်ဆေး၍ အစားအသောက်လက်ဆောင်ခြင်းများ ချီးမြှင့်ပေးအပ်သည်။
Dec 30, 2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Mr. Iskander Azizov တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ လက်ခံတွေ့ဆုံသည်။
Dec 30, 2025
ကြွရောက်လာကြတဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်တကွ တာဝန် ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ ခင်ဗျာ။ မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရွေးကောက်ပွဲကို နိုင်ငံတကာကစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ Delegation အဖွဲ့မှာ ရုရှားနိုင်ငံရဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါမက ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များပါ ပါဝင်ပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲသာမက အခြားနိုင်ငံများမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုပါ တစ်ကြိမ်မက လေ့လာခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံများကိုလည်း မိတ်ဆက်ပေးပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို ချိန်ထိုးပြီး လာရောက်လေ့လာနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ မနေ့ကလေ့လာခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ရဲ့ ကြိုးစား အားထုတ်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ ဒီအလုပ်တွေဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ တကယ်ကြိုးစားအားထုတ်နေတယ်ဆိုတာ သိသာမြင်သာပါတယ်။ ကျွန်တော်တို့ မနေ့ကလေ့လာခဲ့တဲ့အချိန်မှာ ရွေးကောက်ပွဲမဲပေးနေကြတာဟာ အီလက်ထရောနစ်စက်တွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ အီလက်ထရောနစ်စက်တွေဟာ တာဝန်ရှိသူများ ရှင်းပြချက်များအရ ပြင်ပက အီလက်ထရောနစ် နှောင့်ယှက်မှုတွေ လုံးဝမပြုလုပ်နိုင်ဘူးဆိုတာလည်း သိရပါတယ်။ ကျွန်တော်တို့ မျက်မြင်ကြည့်တဲ့အချိန်မှာလည်း မှန်ပါတယ်။ ကောင်းကောင်းမွန်မွန်လည်း အလုပ်လုပ်ပါတယ်။ ပြင်ပက နှောင့်ယှက်မှုပုံစံမျိုးလည်း မတွေ့ရပါဘူး။ ဒီစက်တွေကို အသုံးပြုပြီးတော့ ရွေးကောက်ပွဲလုပ်ဆောင်ခြင်းဟာ တကယ်စစ်မှန်တဲ့ ရလဒ်တွေရရှိလာလိမ့်မယ်လို့ သုံးသပ်ရရှိပါ တယ်။ အခုရွေးကောက်ပွဲမှာ Electronic Voting Machine တွေ အသုံးပြုခြင်းဟာ ရွေးကောက်ပွဲအတွက် ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အသုံးပြုတဲ့စက်တွေအနေနဲ့ အရင်တုန်းက ရွေးကောက်ပွဲမဲပေးတဲ့အချိန်မှာ ကြာမြင့်မှုတွေကို အများကြီးလျှော့ချနိုင်တာကို ကျွန်တော်တို့ မျက်မြင်ပဲတွေ့ခဲ့ပါတယ်။ မဲပေးမှုလုပ်ငန်းတွေ မြန်ဆန်လာတာ တွေ့ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမယ့် လူတွေက အတန်းရှည်ကြီးတွေ တန်းစီပြီးတော့ တကယ်ကို တက်ကြွစွာ တွေ့ရပါတယ်။ သူတို့လည်း ပျော်ရွှင်နေကြပါတယ်။ ဒီမှာလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတွေလည်း ကိုယ့်အလုပ်ကို ဂရုတစိုက် တက်ကြွစွာ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မနေ့က ကျွန်တော်တို့ မဲပေးတဲ့ပြည်သူတွေကို သွားရောက်ပြီး နှုတ်ဆက်စကားနဲ့ အခြားမေးမြန်းမှု အနည်းငယ်ပြုလုပ်ခဲ့ပါတယ်။ သူတို့အားလုံးက တက်ကြွနေကြပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်တစားလည်းရှိကြပါတယ်။ ပျော်ရွှင်တက်ကြွစွာ မဲပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း သူတို့ပြောပါတယ်။ ပါတီတွေက စောင့်ကြည့်နေတဲ့ကိုယ်စားလှယ်တွေကလည်း သူတို့အလုပ်ကို ဂရုတစိုက် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ မဲပေးတဲ့သူတချို့ဟာ သူတို့မိသားစုဝင်တွေနဲ့ မဲရုံတွေမှာ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဒါက တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့သဘောဖြစ်ပါတယ်။ ဒီလိုမျိုးတွေကိုကြည့်ရတာ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံကြည်မှုရှိတယ်။ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောလက္ခဏာတွေကို ဆောင်ပါတယ်။ ဒါကြောင့် အခုကျင်းပတဲ့ ရွေးကောက်ပွဲအပေါ်မှာ ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်တာရယ် ရွေးကောက်ပွဲအပေါ်မှာ ဆောင်ရွက်ပေးထားတဲ့ တာဝန်ရှိသူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေ၊ လုံခြုံမှုအပြည့်အဝပေးနိုင်တာအတွက် ကျွန်တော်တို့ ရုရှား Delegation အဖွဲ့ကိုယ်စား ဂုဏ်ယူပါတယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပပေးသူတွေရော ပါဝင်တဲ့ပြည်သူတွေပါ လိုလားတဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုရှိမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲအပေါ်မှာ ဥပဒေနဲ့လျော်ညီစွာ ကြိုးပမ်းအားထုတ်မှုတွေဟာ မေ့ပျောက်လို့ရမယ့်ကိစ္စတွေမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဂရုတစိုက်နဲ့လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတွေ ရွေးကောက်ပွဲအပေါ် တကယ့်ကို ကြိုးစားအားထုတ်ခဲ့မှုတွေ၊ မြန်မာနိုင်ငံ အကြီးအကဲရဲ့ ရွေးကောက်ပွဲအပေါ် တကယ့်ကို စိတ်ဆန္ဒအမှန်နဲ့ ကြိုးပမ်းခဲ့မှု၊ မြန်မာနိုင်ငံကပြည်သူတွေ ပြင်းပြစွာဆန္ဒရှိမှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် များစွာဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
Dec 30, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
Dec 30, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် အပိုင်း (၁) ရွေးကောက်ပွဲသို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး တက်ရောက်အမှာစကား ပြောကြားသည်။
Dec 30, 2025
အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်သည့် လက်ကျန်ရက်အား ပြင်ဆင်သတ်မှတ်
Dec 30, 2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ဦးမြင့်ဆွေအား အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
နောက်ဆုံးရသတင်းများ
Dec 30, 2025Latest News
ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည
Dec 30, 2025Latest News
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
Dec 30, 2025Latest News
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ခုတင် (၅၀၀) အထူးကုဆေးရုံကြီး ရန်ကုန်မြို့သို့ သွားရောက်၍ အောင်မြင်စွာဆောင်ရွက်ခဲ့သည့် အသည်းအစားထိုးခွဲစိတ်
Dec 30, 2025Latest News
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Mr. Iskander Azizov တ
Dec 30, 2025Latest News
ကြွရောက်လာကြတဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်တကွ တာဝန် ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ ခင်ဗျာ။ မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရွေးကောက်ပွဲကို နိုင်ငံတကာကစ
ဆောင်းပါးကဏ္ဍ
Dec 29, 2025နှစ်ဟောင်းတစ်နှစ်ကုန်သည်နှင့် နှစ်သစ်တစ်ခု ဆုံကြရတော့မည်။ နှစ်ဟောင်းတို့ ပြောင်းခါနီးနှစ်သစ်တို့ ဆီးကြိုမြဲဖြစ်၍ အဟောင်းပြီးလျှင် အသစ်တို့လာသည်မှာ ဖြစ်ပျက်ဓမ္မတာ၊ ဒဿနအရသာဖြစ်ပေသည်။ သတ္တဝါအားလုံး ဘေးကင်းရန်ကွာဖို့၊ စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်ဖို့၊ လိုအင်ဆန္ဒများ တောင့်တအရာရာ ဖြစ်စေဖို့ရန်မှာ နေ့စဉ်ဆုတောင်းမြဲဖြစ်သော်လည်း နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ အထူးအလေးမူဂရုပြု၍ ကောင်းတာများဖြစ်ဖို့ နှစ်စဉ်ဆန္ဒပြုကာ ဆုတောင်းမြဲခဲ့သည်မှာလည်း အစဉ်အလာတစ်ခုအဖြစ်ရှိခဲ့ပါပြီ။
Dec 29, 2025နိုင်ငံရေးပါတီများ၏ အဓိကရည်မှန်းချက်မှာ မိမိပါတီက ဦးဆောင်၍ အစိုးရတစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်ရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် မိမိပါတီမှ အနိုင်ရရှိသော ကိုယ်စားလှယ်များဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါတီ၏ မူဝါဒလုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်းနှင့်အတူ မိမိပါတီမှ ဦးဆောင်ကာ အစိုးရဖွဲ့စည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရသည်။- Dec 28, 2025ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့)တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးက မြန်မာနိုင်ငံအတွက် ပဋိပက္ခများနှင့်အကျပ်အတည်းများကြားမှ နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် စီးပွားရေးပြန်လည်ထူထောင် ရေးဟူသော မျှော်လင့်ချက်စာမျက်နှာသစ်ဆီသို့ ကူးပြောင်းပေးနိုင်မည့် အခွင့်အလမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင်လည်း ယခုကဲ့သို့စိန်ခေါ်မှုများနှင့် အားနည်းချက်များကြားမှ ကျင်းပခဲ့ရသည့် နိုင်ငံထူထောင်ရေး သမိုင်းဝင်ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံ၏ပဋိပက္ခများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိစွာဖြင့် ပြန်လည်ရပ်တည်နိုင်မည့် အခွင့်အလမ်းကောင်းများကို ရယူပေးနိုင်ခဲ့သည့်သာဓကများ ရှိခဲ့ဖူးပါသည်။
Dec 27, 2025ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပပြီးတဲ့နောက်မှာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတဲ့ ပြည်သူတွေအတွက် ရွေးကောက်ပွဲတွေကို မြင်တွေ့ကြရပါတော့မယ်။ လွှတ်တော်တွေလည်း ပေါ်ထွက်လာပြီး လွှတ်တော်အသစ်၊ ရွေးကောက်ပွဲအသစ်တွေနဲ့တကွ ပြည်သူအားလုံးရဲ့လိုလားချက်နဲ့ကိုက်ညီမယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုလည်း မကြာမီဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
Dec 27, 2025မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော ရာသီဥတုအရ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းကာ လူဦးရေအများစုမှာ လယ်ယာလုပ်ငန်းနှင့် လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်နှင့် သစ်သီးဝလံအမျိုးအစား အများအပြားသည် မြန်မာ့အဓိကထွက်ကုန်များ ဖြစ်ကြသည်။
Dec 27, 2025မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ကိုအသုံးပြု၍ ပြုလုပ်ထားသော တီထွင်မှုနှင့် ဖန်တီးမှုများရလဒ်များကို အသုံးပြုရန်နှင့် အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့်အရေးများကို ဆိုလိုသည်။ နည်းပညာဆန်းသစ်တီထွင်မှုများ၊ ဆန်းသစ်သောထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များတွင် အသုံးပြုသည့် အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့်အမှတ်တံဆိပ်များနှင့် စာပေနှင့် အနုပညာဖန်တီးမှုများ ပါဝင်သည်။
