ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့၌ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပသည့် E-sports အားကစားကမ္ဘာ့ဖလားပြိုင်ပွဲ - ၂၀၂၅ PUBG Mobile World Cup တွင် မြန်မာနိုင်ငံမှ Yangon Ga-lacticos အသင်းက ကမ္ဘာ့ချန်ပီယံဆု ရရှိသည်။


Aug 05, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကိုးသိန်းအားကစားရုံ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးသည်။

Aug 05, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးအတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားရှိမှု၊ နိုင်ငံပိုင်ရုံးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

Aug 05, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားတက်ရောက်သည်။

Aug 05, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၉ အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁/၂၀၂၅ ဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၂ အရ သတ်မှတ်လိုက်သည်။

Aug 05, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည့်သတင်းမှာ လွန်စွာမင်္ဂလာရှိသည့်သတင်းပင်ဖြစ်သည်။ နောင်ချိုတွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရခြင်းက ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာသင်ယူမှုအခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူဦးရေ ဆက်လက်တိုးတက်လာနိုင်မည်ဖြစ်သည်။

Aug 04, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

Aug 04, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း မော်တော်ယာဉ်များ ဖြင့်ထွက်ခွာ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

Aug 04, 2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နောက်ဆုံးရသတင်းများ

Aug 05, 2025Latest News
ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့၌ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပသည့် E-sports အားကစားကမ္ဘာ့ဖလားပြိုင်ပွဲ - ၂၀၂၅ PUBG Mobile World Cup တွင် မြန်မာနိုင်ငံမှ Yangon Ga-lacticos အသင်းက ကမ္ဘာ့ချန်ပီယံဆု ရရှိသည်။

Aug 05, 2025Latest News
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား/အမျို

Aug 05, 2025Latest News
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှ

Aug 05, 2025Latest News
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်

Aug 05, 2025Latest News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၉ အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁/၂၀၂၅ ဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြဋ္
ဆောင်းပါးကဏ္ဍ
- Aug 05, 2025နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်မှသာ ဖြစ်နိုင်ပါမည်။ နိုင်ငံတိုးတက်မှုကိုရှာလိုလျှင် ပညာရေးကဏ္ဍကို လုံးဝဖယ်ထား၍မရ။ နိုင်ငံကိုတိုးတက်မှုလမ်းကြောင်းမှ ဖယ်ခွာစေသည့် အတားအဆီးများစွာ၊ ကုန်ထုတ်စွမ်းအားကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအထဲမှ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်အဆက်အစပ်တစ်ခုကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်အောက်မှ ဒုတိယစာမျက်နှာသစ်တစ်ခု၏ Slogan တစ်ခုနှင့်အတူ ပြောင်းလဲဖွင့်လှစ်လာသည်ကို တွေ့မြင်ရသည့်အခါ......။
- Aug 04, 2025ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
- Aug 04, 2025ဝါခေါင်လသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ငါးလမြောက်(ပဉ္စမ)ဖြစ်ပါသည်။ မိုးရာသီမိုးသည်းထန်သည့်ကာလလည်းဖြစ်သည်။ ရာသီမှာသိဟ်၊ ရာသီရုပ်မှာ ခြင်္သေ့ရုပ်၊ ခတ္တာမှာ ရာသီပန်းဖြစ်သည်။ ဝါခေါင်လပြည့်နေ့သည် မေတ္တာဘာဝနာပွားများကြသည့် မေတ္တာအခါတော်နေ့ဖြစ်ပြီး ရာသီပွဲတော်အဖြစ် စာရေးတံမဲပွဲတော်ကို ကျင်းပကြသည်။
- Aug 04, 2025အားကစားနည်းအမျိုးမျိုးတွင် မြန်မာပရိသတ်များ အမျှော်လင့်ဆုံး၊ အနှစ်သက်ဆုံးအားကစားနည်းမှာ ဘောလုံးအားကစားနည်းဖြစ်သည်။ တစ်ချိန်သောကာလက ပြည်နယ်နှင့် တိုင်းဘောလုံးအားကစားပြိုင်ပွဲနှင့် ကျွန်းဆွယ်၊ ဆီးဂိမ်း၊ အာရှအားကစားပြိုင်ပွဲများတွင် တိုင်းနှင့် ပြည်နယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့ကြပုံများကို ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်အားပေးခဲ့ကြသည်။ တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဘဝဂ်ထိတိုင်ဆူညံသံများဖြင့် အားပေးခဲ့ကြသည်များကို ယနေ့ထက်တိုင်အောင် သတိရနေဆဲဖြစ်သည်။
- Aug 03, 2025ယနေ့ရာသီဥတုက မိုးစွေနေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ မိုးလေဝသသတင်းများကလည်း ခပ်စိပ်စိပ်လာနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
- Aug 02, 2025ရွှေပဒေသာ၊ ငွေပဒေသာ မြေမှာပေါက်စေသောဝ် တဲ့။ ရှေးလူကြီးတွေ မျှော်မှန်းတောင့်တခဲ့ကြတဲ့ အရာပါ။ သူ့ခေတ်နဲ့သူ့အခါ တိုင်းပြည်စည်ပင် သာယာဝပြောရေး၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆိုလိုခြင်းဖြစ်ပြီး လက်တွေ့အားဖြင့်လည်း “မုဆိုးမတောင် ဘုရားတည်နိုင်တယ်” ဆိုတဲ့ ခေတ်ကြီးတစ်ခေတ် ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မျက်မြင်အထောက်အထားတွေကလည်း ငြင်းမရအောင် ထင်ထင်ရှားရှားရှိနေဆဲပါ။ နှစ်ပေါင်းထောင်ချီ ကြာမြင့်လာတဲ့အထိ နိုင်ငံသူ၊ နိုင်ငံသားတွေ ဂုဏ်ယူဝင့်ကြွားနိုင်ရလောက်အောင် ပထမ မြန်မာနိုင်ငံတော်ကြီးကို ထည်ထည်ဝါဝါ၊ ဂုဏ်ဒြပ် မြင့်မြင့်မားမား တည်ဆောက်နိုင်ခဲ့ကြတာဟာ အခြေခံအားဖြင့် စီးပွားရေးကောင်းမွန်ခဲ့ကြလို့၊ ပညာရည်မြင့်မားခဲ့ကြလို့ ဖြစ်ပါတယ်။